ရီးယဲလ်မက်ဒရစ်သည် ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ကို အဝေးကွင်းတွင် သက်တောင့်သက်သာပင် အနိုင်ကစားကာ ချန်ပီယံလိဂ် အုပ်စု(B)၏ ရှုံးပွဲမရှိ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။
ကိုပင်ဟေဂင်သည် ယခုပွဲစဉ်တွင် အီဂေါ်ဗစ်တိုကီလီ၊ နီကိုလိုင် ယော်ဂင်ဆန်၊ ယူဆွတ်ဖ်တူတော့ခ်ျ၊ ကလော်ဒီမာ၊ သောမတ်စ် ဒီလာနေး၊ ရူရစ်ဂစ်လာဆန်၊ ပီယေးဘန့်ဆွန်၊ ရက်ဂ်နာ ဆီဂါ့ဒ်ဆန်၊ အိုလာ့ဖ်မဲလ်ဘာ့ဂ်၊ လားစ်ယာ ကော့ဘ်ဆန်တို့ဖြင့် ပွဲထွက်လာခဲ့သည်။ ရီးယဲတွင် ကီရင်ဘန်ဇီးမား၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဂါရတ်သ်ဘေးလ်၊ အစ္စကို၊ လူကာမိုဒရစ်၊ ရှာဘီ အလွန်ဆို၊ မာဆယ်လို၊ ပီပီ၊ နာချိုဖာနန်ဒက်ဇ်၊ အဲလ်ဗာရို အာဘီလိုအာ တို့ဖြင့် လူစုံခဲ့သည်။
ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ချန်ပီယံဆုကို ကာကွယ်နိုင်ရန် အခြေအနေ နည်းပါးသွားပြီ ဖြစ်သည့်တိုင် အပြီးသတ် ဖယ်ထုတ်နိုင်ရန် မဖြစ်နိုင်ကြောင်း ပြောဆိုလိုက်သည်။
ထို့အပြင် ရာသီကုန်တွင် မည်သည့်အသင်း ချန်ပီယံ ဖြစ်မည်ကို ဆောင်းရာသီ ချန်ပီယံအသင်း၏ ရပ်တည်မှုဖြင့် ဆုံးဖြတ်ရန် မသင့်ဟုလည်း ပေါ်တူဂီသား မန်နေဂျာက ဆိုသည်။ ယူနိုက်တက်သည် လတ်တလောတွင် ရလဒ်များ ဆက်တိုက် ဆိုးရွားလျှက်ရှိရာ မိုယက်စ်၏ အသင်းဟောင်း အဲဗာတန်ကို အိုးလ်ထရက်ဖို့ဒ်တွင် (၁-၀)ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ဦးဆောင်သူ အာဆင်နယ်နောက် (၁၂)မှတ် ပြတ်ကျန်ခဲ့ပြီ ဖြစ်သည်။ ပေါ်တူဂီသား မော်ရင်ဟိုကမူ ယူနိုက်တက်သည် တိမ်းစောင်းသွားသည့် အခြေအနေများမှ အချိန်မရွေး ပြန်လည် တည့်မတ်လာနိုင်သည်ဟု မှတ်ချက်ပြုခဲ့သည်။
စနေညပွဲစဉ်ရဲ့ အစောပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူနဲ့ နယူးကာဆယ်တို့ရဲ့ပွဲစဉ်မှာတော့ မန်ယူအသင်း အရေးနိမ့်ခဲ့ပြီး ကြားရက်တုန်းကလည်း အဲဗာတန်ကို ရှုံးခဲ့တာကြောင့် (၂၀၀၂)ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် (၂)ပွဲဆက် ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အ၀ါကတ် (၅)ကတ် ထိထားလို့ ရွန်နီ မပါဝင်နိုင်တဲ့ တိုက်စစ်ပိုင်းမှာ ဒဏ်ရာပြဿ နာ ကနေ ပြန်သက်သာလာတဲ့ ဗန်ပါစီ၊ ဟာနန်ဒက်ဇ်နဲ့ ဂျာနူဇက်တို့ ဦးဆောင်ခဲ့ပေမယ့် နိုဝင်ဘာလရဲ့ ဘာကလေအကောင်းဆုံးဆုရှင် တင်ခရူးလ်ကို ခြိမ်းခြောက်နိုင်လောက်တဲ့ ထိုးဖောက်မှုမျိုး မလုပ်နိုင်ခဲ့ပါဘူး။
ဒီနေ့ပွဲအတွက် နယူးကာဆယ် နောက်တန်းတောင်ပံနှစ်ဖက်က ဒီဘူချီ၊ ဆန်တန်တို့ရဲ့ တိုက်စစ်လိုက်ပါမှုကို အမှတ်ပေးရမှာဖြစ်ပြီး ပြိုင်ဘက်အသင်းကို ဘောလုံးထိန်းကစားခွင့် မပေးတာကလည်း သူတို့ရဲ့အားသာချက်ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်ယူအတွက် အဖွင့်ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် တင်ခရူးလ် လက်စွမ်းပြနိုင်ခဲ့ပြီး နယူးကာဆယ်ရဲ့ အနိုင်ဂိုးကိုတော့ ပွဲချိန်(၆၂)မိနစ်မှာ ကာဘာရီက သွင်းပေးခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာ မန်ယူ တစ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေတာကြောင့် ချေပဂိုးမဖြစ်ခဲ့ပါဘူး။
(၂၀၁၃)လူငယ်အကောင်းဆုံးဆုကို ဂျူဗင်တပ် ကွင်းလယ်လူ ပေါ့ဘာ ဆွတ်ခူးသွားခဲ့ကြောင်းသိရသည်။ ပေါ့ဘာမှာ မန်ယူတွင် အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့သော်လည်း ဂျူဗင်တပ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ရရှိရုံသာမက ပီယာလို၊ ဗီဒယ်တို့နှင့်တွဲဖက်၍ ခြေစွမ်းပြနိုင်ခဲ့ကာ ပြင်သစ်အသင်းအတွက် ယူ-၂၀ ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့ခြင်းကြောင့် လူကာကူ၊ဒရက်စလာတို့ကို
ကျော်ဖြတ်ကာ ဆုရခဲ့ခြင်းလည်းဖြစ်သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမဲခွဲမှုတွေကို ဒီဇင်ဘာ(၆)ရက်နေ့ကျရင် ဘရာဇီးနိုင်ငံ ဘာဟီယာဒေသမှာ ကျင်းပသွားမှာဖြစ်ပြီး
မဲအိုး(၄)မှာ ရှိနေတဲ့ အင်္ဂလန်၊ အီတလီ၊ ဟော်လန်၊ ပြင်သစ်၊ ပေါ်တူဂီတို့ထဲက တစ်သင်းသင်း မရဏအုပ်စုထဲ ကျရောက်ဖို့ ရှိနေပါတယ်။ အုပ်စုမဲခွဲမှုတွေအတွက် အောက်တိုဘာလ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေကို အတည်ပြုပြီး ဦးစားပေးအဆင့် သတ်မှတ်မယ်ဆိုရင် ဦးစားပေးအဆင့် အနိမ့်ဆုံးသတ်မှတ်ခံရတဲ့ ပြင်သစ်အသင်းက မဲအိုး(၂)ထဲကို ရောက်ရှိမှာဖြစ်ပေမယ့် ယူအီးအက်ဖ်အေဥက္ကဋ္ဌ ပလာတီနီရဲ့ လွှမ်းမိုးမှုတွေကြောင့် မဲအိုး(၄)ထဲက ဥရောပအသင်း (၉)သင်းကို မဲနှိုက်ပြီး မဲပေါက်တဲ့ အသင်းက မဲအိုး(၂)ကို ရောက်သွားမှာဖြစ်ပါတယ်။
ရီးရဲလ်ကစားသမားဘ၀က ၎င်းပြသခဲ့သည့်ခြေစွမ်းထက် ဘေးလ်၏ခြေစွမ်းပိုကောင်းလာနိုင်သည့်အတွက် စိုးရိမ်ပူပန်မိသည်ဟုဇီဒန်းက ဖွင့်ဟလိုက်သည်။ ဘေးလ်မှာ ရီးရဲလ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာပြဿနာများကြောင့် အခက်တွေ့ခဲ့ရသော်လည်း ဗယ်လာဒိုးလစ်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး အသင်းအတွက် (၁၃)ပွဲ ကစားရာတွင် (၉)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
ယင်းအတွက်ကြောင့် ဇီဒန်းက “ဘေးလ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ရီးရဲလ်မှာ ရှိတဲ့သူတိုင်း မစိုးရိမ်ကြပါဘူး။ ကျွန်တော်တို့ ခေါ်ယူထားတဲ့ကစားသမားခြေစွမ်းဘယ်လောက်ကောင်းတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူအတွက် ကျွန်တော် ပူပန်မိတာတစ်ခုက ကျွန်တော့်ရဲ့ ရီးရဲလ် ကစားသမားဘ၀ ခြေစွမ်းထက် သူ ပိုကောင်းလာနိုင်တာကိုပါပဲ”
မြန်မာ့အလင်းသတင်းစာ |
7 Day News 7Day Sport The Voice Weekly 7Day Shopping Guide Envoy News Pyi Myanmar |
Northern Star Popular News Snap Shots Myanmar News Weeks Daily Sport SoccerMyanmar |
||
IT weekly Yatanarpon Morning Post Shwe Mandalay The Mandalay Times Planet |
Myanmar News Weeks Opportunity Journal HR Journal Good Health Daily Sport 8 Days Journal |
Flower News Journal Popular Journal Net Guide Journal IT weekly Myanmar Special Journal Yatanarpon |
Monitor News Journal Upper Myanmar Journal Hot News Weekly Journal Faces Magazine The Nay Pyi Taw Times Yangon Times Journal |
Myawady News Myawady Sport Myawady Entertainment Myawady Health Myawady Artists Myawady Tech |