ဇွဲကပင် ယူနိုက်တက် အသင်းနည်းပြ ဦးအောင်မင်းဦးက လက်ရှိအချိန်တွင် နိုင်ငံခြား ကစားသမားထက် ပြည်တွင်း ကစားသမားကောင်းသည် ပိုမိုရှားပါကြောင်း ဧရာဝတီ အသင်းအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီး၌ ပြောကြားခဲ့သည်။
နည်းပြ ဦးအောင်မင်းဦးက “ ထုံးစံအတိုင်းပဲ အသင်းက လိဂ်ပြိုင်ပွဲ ခဏနားပြီးလို့ ပြန်စရင် ဖရိုဖရဲဖြစ်တာပါပဲ။ ကစားသမားတွေ ကြိုးစား ကစားကြပေမယ့် ရှေ့တန်းနဲ့ ကွင်းလယ်က လွဲချော်မှုတွေ ရှိနေပါတယ်။ အသစ်ခေါ်ထားတဲ့ တိုက်စစ်မှူးကလည်း အသင်းနဲ့ အဆင်မပြေ သေးပါဘူး။ လက်ရှိ အချိန်မှာ ရှိတဲ့ကစားသမားနဲ့ပဲ အကောင်းဆုံးပုံစံရရှိအောင် ကြိုးစားရမှာပါ။ ပိုက်ဆံရှိရင် နိုင်ငံခြား ကစားသမားကောင်း ကောင်းရှာလို့ရပေမယ့်
ဧရာဝတီ ယူနိုက်တက် အသင်းသည် 2013 AFC Cup ပြိုင်ပွဲတွင် ရလဒ်များ ဆိုးရွားပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲ၌ နိုင်ပွဲများဆက်နေပြီး ရလဒ်ကောင်းနေသည်။ ဧရာဝတီ အသင်းသည် ဧပြီ ၂၆ ရက်(ယနေ့) ညနေ ၄း၀၀ နာရီ အောင်ဆန်းကွင်း၌ ဇွဲကပင်အသင်းနှင့် နေရှင်နယ်လိဂ် ပွဲစဉ် ၈ ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၃ မိနစ်တွင် လီယန်ဒရို၊ ၇၆ မိနစ် တွင် ဆာတိုရှီတို့က သွင်းယူပေးခဲ့ကြသည်။ ဧရာဝတီအသင်းသည် ဇွဲကပင်အသင်းအား အနိုင်ရရှိခဲ့သဖြင့် ရမှတ် ၁၆ မှတ်ဖြင့် ရန်ကုန်၊ မကွေး အသင်းတို့ထက် တစ်ပွဲပို အဆင့် ၃ နေရာသို့ တက်ရောက်နိုင်ခဲ့သည်။
တောင်ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာ ကိုင်တွယ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ ဘောလုံးအသင်းသည် ဆီးဂိမ်း ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဗီယက်နမ် ယူ-၂၃ အသင်းအပါအ၀င် ခြေစမ်းပွဲများ ကစား မည်ဖြစ်ကြောင်း သိရသည်။ ကျင်းပလျက်ရှိသည့် ၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ဘောလုံးပြိုင်ပွဲသည် လာမည့် မေ ၁၂ ရက်တွင် ပြီးဆုံးမည် ဖြစ်ပြီး မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းသည် လာမည့် မေ ၂၁ ရက်တွင် တောင်ကြီးမြို့သို့ သွားရောက်ကာ စတင် စခန်းသွင်း လေ့ကျင့်မည်ဖြစ်သည်။ လေ့ကျင့်နေစဉ် ကာလအတွင်း ကမ္ဘောဇ (သို့မဟုတ်) MNL All Star အသင်းနှင့် ခြေစမ်းပွဲ တစ်ပွဲကစား မည်ဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်သည့် ဖူလ်ဟမ်အသင်းကို လာမည့် ၂၀၁၃-၁၄ ပရီးမီးယားလိဂ် ဘောလုံးရာသီ မစမီတွင် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခြေစမ်း သွားရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ စီစဉ်နေကြောင်း Dailysport ဂျာနယ်၏ ဖော်ပြချက် အရ သိရသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ အနေဖြင့် ဖူလ်ဟမ် အသင်း၏ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ခြေစမ်းပွဲ လာရောက် ကစားနိုင်စေရေးအတွက် ညှိနှိုင်းမှု များ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက "ဥရောပက အသင်းတွေ အနေနဲ့ ဘောလုံးရာသီ သစ်တစ်ခု မစတင်ခင်မှာ ပြည်ပနိုင်ငံတွေကို
လာမယ့် ဧပြီ ၂၆ ရက်မှာ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေ ပြန်လည်စတင်ပြီပဲဖြစ်ပါတယ်။ သင်္ကြန်မတိုင်မီမှာ ကမ္ဘောဇအသင်းက ဇေယျာရွှေမြေအသင်းကို တစ်မှတ်အသာနဲ့ အမှတ်ပေးဇယား ကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ လာမယ့် ပွဲစဉ် ၉ မှာ စိတ်ဝင်စားဖို့ အကောင်းဆုံးပွဲတစ်ပွဲရှိပါတယ်။ အဲဒီပွဲက အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ကမ္ဘောဇနဲ့ ဇေယျာရွှေမြေတို့ ထိပ်တိုက်တွေ့ဆုံ တဲ့ ပွဲပဲဖြစ်ပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုမှာ နိုင်တဲ့ အသင်းက ဇယားထိပ်ကို တက်ရောက်ခွင့်ရမှာပါ။ ကမ္ဘောဇနဲ့ ဇေယျာရွှေမြေတို့ ပွဲကြပ်နေတဲ့အချိန်မှာ အမှတ်ပေးဇယား တတိယနဲ့ စတုထ္ထနေရာက မကွေးနဲ့ ရန်ကုန်တို့က ပွဲချောင်တယ်လို့ ဆိုနိုင်ပါတယ်။ မကွေးက
2013 AFC Cup အုပ်စု(F) တွင် ပါဝင်နေသည့် ရန်ကုန် ယူနိုက်တက် အသင်းသည် အုပ်စု ငါးပွဲမြောက် အဖြစ် ဧပြီ ၂၄ ရက်(ယနေ့) မွန်းလွဲ ၂း၃၀ နာရီခွဲက အင်ဒိုနီးရှားကလပ် ပါစီဘို အသင်းနှင့် အင်ဒိုနီးရှားနိုင်ငံ၌ သွားရောက်ကစား ခဲ့ရာ အိမ်ရှင်ပါစီဘိုအသင်းအား ၇-၁ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ ရန်ကုန် ယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၄၊ ၅၃၊ ၅၇၊ ၇၉ မိနစ်များတွင် ဆီဇာမှ (လေးဂိုး) ၊ ပွဲချိန် ၂၈ နှင့်၊ ၈၄ မိနစ်များတွင် ကိုနေးအဒါမာ(နှစ်ဂိုး) ၊ ပွဲချိန် ၄၅ မိနစ်တွင် ကျော်ကိုကိုမှ (တစ်ဂိုး)သွင်းယူပေးခဲ့ပြီး အိမ်ရှင် အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ၇၅ မိနစ်တွင် ဂျီအိုဟန်မှ သွင်းယူပေးခဲ့သည်။ နာကျင် အချိန်ပို ၉၃ မိနစ်တွင်
မြန်မာ့အလင်းသတင်းစာ |
7 Day News 7Day Sport The Voice Weekly 7Day Shopping Guide Envoy News Pyi Myanmar |
Northern Star Popular News Snap Shots Myanmar News Weeks Daily Sport SoccerMyanmar |
||
IT weekly Yatanarpon Morning Post Shwe Mandalay The Mandalay Times Planet |
Myanmar News Weeks Opportunity Journal HR Journal Good Health Daily Sport 8 Days Journal |
Flower News Journal Popular Journal Net Guide Journal IT weekly Myanmar Special Journal Yatanarpon |
Monitor News Journal Upper Myanmar Journal Hot News Weekly Journal Faces Magazine The Nay Pyi Taw Times Yangon Times Journal |
Myawady News Myawady Sport Myawady Entertainment Myawady Health Myawady Artists Myawady Tech |